လောကတွင် မေတ္တာခြုံမှလုံသည်ဟူသောဆိုရိုးစကားရှိပါသည်၊ မေတ္တာတရား၏အရေးပါးမှုကို
ဖော်ညွှန်းခြင်း ဖြစ်ပေသည်၊
သုံးလူ့ထိပ်ထား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း လူ နတ်
ဗြဟ္မာသတ္တ၀ါအပေါင်းတို့အား
မေတ္တာတရားပွားများကြရန်အထူးဟောကြားတော်မူခဲ့ပါသည်၊
မေတ္တာတရား
ပွားများခြင်းကြောင့် လူနတ်တို့ ချမ်းသာခဲ့ကြပုံ အထောက်အထားများ
များစွာ
ရှိခဲ့ပါသည်။
တနေ့လျှင် သုံးကြိမ် ထမင်းအိုးကြီး
အလုံးတရာ လှူသူ၏ ဒါနအကျိုးထက်တနေ့လျှင် သုံးကြိမ်
နွားနို့တကြိမ်ညှစ်စာမျှ မေတ္တာပွားများသူ၏ကုသိုလ်အကျိုးကသာလွန်ကြီးမြတ်ကြောင်းဘုရားရှင်
ဟောကြားတော်မူခဲ့ပါသည်။မေတ္တာပွားများ အားထုတ်သူတို့
ရရှိနိုင်သော အကျိုး ( ၁၁ ) ပါးမှာ-
၁။ ချမ်းသာစွာ အိပ်ရခြင်း
၂။ ချမ်းသာစွာ နိုင်းရခြင်း
၃။ ကောင်းသောအိပ်မက် မြင်မက်ခြင်း
၎။ လူတို့ ချစ်မြတ်နိုးခြင်း
၅။ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ နတ်တို့ စောင့်ရှောက်ခြင်း
၇။ မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မထိခြင်း
၈။ လျင်မြန်စွာ စိတ်တည်ကြည်စေခြင်း
၉။ မျက်နှာကြည်သာရွှင်ပြခြင်း
၁၀။ မတွေမဝေ သေရခြင်း
၁၁။ မဂ်ဖိုလ် မရနိုင်သေးလျှင် ဗြဟ္မာ့ဘုံသို့ လားရခြင်းတို့ ဖြစ်ပေသည်။
၁။ ချမ်းသာစွာ အိပ်ရခြင်း
၂။ ချမ်းသာစွာ နိုင်းရခြင်း
၃။ ကောင်းသောအိပ်မက် မြင်မက်ခြင်း
၎။ လူတို့ ချစ်မြတ်နိုးခြင်း
၅။ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ နတ်တို့ စောင့်ရှောက်ခြင်း
၇။ မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မထိခြင်း
၈။ လျင်မြန်စွာ စိတ်တည်ကြည်စေခြင်း
၉။ မျက်နှာကြည်သာရွှင်ပြခြင်း
၁၀။ မတွေမဝေ သေရခြင်း
၁၁။ မဂ်ဖိုလ် မရနိုင်သေးလျှင် ဗြဟ္မာ့ဘုံသို့ လားရခြင်းတို့ ဖြစ်ပေသည်။
( လင်္ကာ )
အိပ်-နိုး ချမ်းသာ၊
ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူ-နတ်၊
စောင့်လတ် နတ်များ၊
မီးဆိပ်ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာစိတ်တည်၊
ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊
လားလေဗြဟ္မာ၊ ဆယ့်တဖြာသည်၊
မေတ္တာပွားမှု အကျိုးတည်း။
အိပ်-နိုး ချမ်းသာ၊
ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူ-နတ်၊
စောင့်လတ် နတ်များ၊
မီးဆိပ်ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာစိတ်တည်၊
ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊
လားလေဗြဟ္မာ၊ ဆယ့်တဖြာသည်၊
မေတ္တာပွားမှု အကျိုးတည်း။
ယနေ့ခေတ် ပရိယတ် ပဋိပတ်
အားထုတ်လျက်ရှိသော ဆရာတော်ကြီးများကလည်း မေတ္တာတရား ပွားများကြရန်အထူးဟောကြားတော်မူကြပါသည်။အလွယ်ကူဆုံးမေတ္တာပွားနည်းမှာမိမိထွေးပစ်
လိုက်သော တံတွေးပင်ဖြစ်လင့်ကစား ၄င်းတံတွေးကို သောက်သုံးသည့်
သတ္တ၀ါများရှိကြောင်း
ထမင်းစားပြီး ပန်းကန်ဆေးရေ၊ လက်ဆေးရေများလည်း သောက်သုံးသည့် သတ္တ၀ါများရှိကြောင်း
၎င်းရေများကို အလဟဿသွန်မပစ်ပဲ( ဤရေတို့ကို သောက်သုံးကြသော သတ္တ၀ါများ ၀၀လင်လင် ရှိကြပါစေ၊ မျှတကြပါစေ ) ဟုမေတ္တာပွားများရုံမျှပင်လျှင် ကြီးမားသောအကျိုးကို ရရှိနိုင်ပါသည်
ထမင်းစားပြီး ပန်းကန်ဆေးရေ၊ လက်ဆေးရေများလည်း သောက်သုံးသည့် သတ္တ၀ါများရှိကြောင်း
၎င်းရေများကို အလဟဿသွန်မပစ်ပဲ( ဤရေတို့ကို သောက်သုံးကြသော သတ္တ၀ါများ ၀၀လင်လင် ရှိကြပါစေ၊ မျှတကြပါစေ ) ဟုမေတ္တာပွားများရုံမျှပင်လျှင် ကြီးမားသောအကျိုးကို ရရှိနိုင်ပါသည်
No comments:
Post a Comment